the republic of the union of myanmar

ministry of health

Department of Traditional Medicine

အရသာ(၆)ပါး၏အကျိုး၊အပြစ်များ ခေါင်းစဉ်ဖြင့် ကျောင်းသား၊ကျောင်းသူ(၇၀)ဦးအား ကျန်းမာရေးအသိပညာပေးဟောပြော

တိုင်းရင်းဆေးပညာဦးစီးဌာန ၊ရန်ကုန်တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် အရှေ့ပိုင်းခရိုင်  ၊ ဗိုလ်တထောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးချမ်းမိုးဦးဆောင်သောအဖွဲ့သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊အားကစားနှင့်ကာယဖွံ့ဖြိုးရေးဦးစီးဌာန၊အထက(၅)ဗိုလ်တထောင်ကျောင်းအုပ် ဆရာမကြီးဒေါက်တာ ဇင်မာဝင်းနှင့်ပူးပေါင်း၍ (၁၈.၉.၂၀၂၅)ရက်၊ကြာသပတေးနေ့  နေ့လယ်(၁:၀၀)နာရီ အချိန်တွင်   အထက(၅)၊ဗိုလ်တထောင်ကျောင်းတွင်  အရသာ(၆)ပါး၏အကျိုး၊အပြစ်များ ခေါင်းစဉ်ဖြင့် ကျောင်းသား၊ကျောင်းသူ(၇၀)ဦးအား ကျန်းမာရေးအသိပညာပေးဟောပြော၍ ကျောင်းသား၁၀ဦး ၊ကျောင်းသူ၂၀ဦး၊ဆရာမ-၅ဦးစုစုပေါင်း၃၅ဦးအားတိုင်းရင်းဆေးပညာဖြင့်  ကွင်းဆင်းဆေးကုသခြင်းနှင့် တိုင်းရင်းဆေးဝါး လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း