ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ်သည် (၁၅-၉-၂၀၂၅) ရက်နေ့၊ တနင်္လာနေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လွိုင်လင်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပူးပေါင်း၍ လွိုင်လင်မြို့ရပ်ကွက်(၂)၊ အမှတ်(၅) အခြေခံပညာမူလတန်းလွန်ကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူ (၆၃)ဦးအား “တိုင်းရင်းဆေးပညာဖြင့်ရောဂါကြိုတင် ကာကွယ်ခြင်း နည်းလမ်းအကြောင်း” အသိပညာပေးဟောပြောခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။