တိုင်းရင်းဆေးပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒေါ်ဆွေဆွေမြင့် ဦးဆောင်သောအဖွဲ့သည် (၁၅-၉-၂၀၂၅) ရက်နေ့၊ နံနက် (၉:၀၀) နာရီ မှ နေ့လည် (၁၂:၀၀) နာရီအထိ ရွှေစေတီဘိုးဘွားရိပ်သာသို့ သွားရောက်၍ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား လူကြီး (၉) ဦး၊ မ လူကြီး (၃၃) ဦး၊ စုစုပေါင်း (၄၂) ဦးအား တိုင်းရင်းဆေးဖြင့် ဆေးကုသမှုများဆောင်ရွက်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။