ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၂-၀၉-၂၀၂၅) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နော်သိန်းသိန်းနွဲသည် အင်္ဂပူမြို့နယ်အောက်ရွာကြီးကျေးရွာတွင် ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား (၁၂)ဦး၊ မ (၁၅)ဦး၊ လူနာစုစုပေါင်း (၂၇)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး လူဦးရေ (၃၀)ဦးအား “သွေးတိုးရောဂါ အကြောင်း” ကျန်းမာရေး အသိပညာပေးဟောပြောခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။