ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာနရုံးချုပ်နှင့် ပဲခူးတိုင်းဒေသကြီး တိုင်းဒေသကြီး ဦးစီးဌာနမှူးတို့၏ လမ်းညွှန်မှုဖြင့် (၁၄.၉ .၂၀၂၅ )ရက်နေ့တွင် ရေတာရှည်မြို့( ၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒေါ်ခင်စန်းလှိုင် (ဆေးရုံအုပ်) ၊ဒေါ်ခင်မျိုးဆွေ ( လက်ထောက်တိုင်းရင်းဆေးမှူး) မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဦးမောင်မောင်သန့် (ဒုတိယတိုင်းရင်းဆေးမှူး)တို့ ပူးပေါင်း၍ ရေတာရှည်မြို့နယ် မြောက်နန်ချွန်ကျေးရွာ စိတ္တသုခ ကျောင်းတိုက်သို့ သွားရောက်ကာ ဝါတွင်း ဥပုသ် သီလ ဆောက်တည်ကြသူ စုစုပေါင်း( ၁၁၀ )ဦး အား ကျန်းမာရေးစောင့်ရှောက်မှူပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။