ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တွံတေးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၁.၉.၂၀၂၅ ရက်နေ့တွင် ဒေါ်နွယ်နွယ်ဉီးသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ လူမှုဝန်ထမ်းဉီးစီးဌာန၊ မီးသတ်ဦးစီး ဌာနတို့နှင့် ပူးပေါင်း၍ (အ.မ.က)မူလွန် ပိတ်စွယ်ကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ကျောင်းသူ (၁၃၀)ဦးတို့အားမီးဖိုချောင်သုံးပစ္စည်းများ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်းအသိပညာပေးဟောပြောခဲ့ကာ စုစုပေါင်း( ၆၈ )ဉီးတို့အား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။