စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် စစ်ကိုင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၁.၉.၂၀၂၅. ရက်နေ့တွင် စစ်ကိုင်းမြို့နယ် တိုင်းရင်းဆေးကုဌာနနှင့်မင်းကွန်းတိုင်းရင်းဆေးရုံမှ တွဲဖက်တာဝန်ထမ်းဆောင်နေကြသော ဆရာမများသည် စစ်က်ုင်းမြို့ ရွာထောင်ဘိုးဘွားရိပ်သာ၌ ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်း ဆေးကုသခြင်းဆောင်ရွက်ခဲ့ကြရာ အဘွား ၉ ဦးကိုကျန်းမာရေးစောင့်ရှောက်မှုဆေးဝါးကုသပေးနိုင်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။