တိုင်းရင်းဆေးပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ခရိုင်တိုင်းရင်းဆေးကုဌာန၊ ကျောက်ပန်းတောင်းမြို့မှ ၁၁.၉.၂၀၂၅ ရက်နေ့ နံက် ၉နာရီ မှ ၁၂ နာရီအထိ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်သင်းသင်းဦး နှင့် အကြီးတန်းစာရေး ဒေါ်ခင်မေသက် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှုး ဒေါ်မေသက်နွယ်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးစီးမှူးဒေါ်မြတ်သန္တာထွန်း တို့ပူးပေါင်းပါဝင်သောအဖွဲ့သည် စံပြ အ.မ.က ၊ကျောက်ပန်းတောင်းမြို့ ၌ ရာသီတုတ်ကွေးရောဂါအကြောင်း အသိပညာပေးဟောပြောရာ (၂၀၀)ဦး တက်ရောက်ပြီး၊ ကွင်းဆင်း ကုသခြင်းတွင် လစုစုပေါင်း လူနာဦးရေ(၇၃)ဦး တို့အား ဆေးကုသပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။