ကျန်းမာရေး၀န်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီးဦးစီးဌာနမှုး၏ လမ်းညွှန်မှုဖြင့် ညောင်လေးပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၀ ၉ .၂၀၂၅) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်ခင်သိန်းဌေးဦးနှင့် လက်ထောက်တိုင်းရင်းဆေးမှုး ဦးငြိမ်းမောင်မောင် ဦးဆောင်သောအဖွဲ့သည် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ညောင်လေးပင် မြို့ထူပါရုံ ကျောင်းစာသင်တိုက်သို့ သွားရောက်၍ ကွင်းဆင်းဆေးကုသပေးရာ သံဃာ(၄၆)ပါးအားကုသမှု ဆောင်ရွက် ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။