ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ဝါဝါလင်းသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မြို့ဟောင်းအရှေ့ရပ်ကွက်၊ မြို့ဟောင်းအရှေ့ မူလွန်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ (၁၂၀)ဦးအား “ချောင်းဆိုးရောဂါအကြောင်း”ဟောပြောပြီး လူကြီး ကျား(၅)ဦး၊ မ(၆)ဦး၊ ကလေး ကျား(၃၀)ဦး၊မ (၃၅)ဦး၊ စုစုပေါင်း (၇၆)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။