ရန်ကုန်တိုင်းဒေသကြီး၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီးမှ (၈-၉-၂၀၂၅) ရက်နေ့တွင် ဒုတိယဆေးရုံအုပ် ဒေါ်ယဉ်ယဉ်မြင့်၊ အကြီးတန်းတိုင်းရင်းဆေးမှူး ဒေါ်တင်နွယ်နှင့် ဒုတိယ တိုင်းရင်းဆေးမှူး ဒေါ်မြတ်ဆုနှင်း တို့ပါဝင်သော အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ လူမူဝန်ထမ်းဦးစီးဌာန သက်ကြီးရွယ်အိုများ အတွက်ပြုစုစောင့်ရှောက် သင်တန်း (caregiver) သို့ သွားရောက်၍ “တိုင်းရင်းဆေးပညာ အခြေခံသဘောတရား များနှင့် ဆေးဖက်ဝင်အပင်များ၏အသုံးပြုပုံများ” ခေါင်းစဉ်ဖြင့် နံနက်(၉:၀၀)နာရီမှ ညနေ(၄.၀၀) နာရီထိ သင်ခန်းစာများပို့ချပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။