ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီဌာန ရှမ်းပြည်နယ် ပြည်နယ်ဦးစီးဌာနမှူး ခရိုင်ဦးစီးဌာနမှူးတို့၏ ညွှန်ကြားချက်ဖြင့် တောင်ကြီးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၆-၀၉-၂၀၂၅) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးခန်းမှူး ဒေါ်ခင်ဆွေ လက်ထောက် တိုင်းရင်းဆေးခန်းမှူး ဒေါ်နန်းရောင်ဆနှင့် ဒေါ်စန္ဒာမြင့်တို့သည် ရွှေဘုန်းပွင့်စေတီတော်ကြီးအား ဦးထိပ်ထား၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၅၃)ကြိမ်မြောက် မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားတွင် ကျား (၁၀)ဦး၊ မ(၂၃)ဦး၊ စုစုပေါင်း (၃၃)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။