ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုကိုခံယူ၍ ရွှေကျင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၄-၉-၂၀၂၅) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အိမွန်ဦးနှင့် လက်ထောက် တိုင်းရင်းဆေးမှူး ဒေါ်အေးသူသူဝင်းသည် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ရွှေကျင်မြို့နယ် ညောင်ဝိုင်းရပ်ကွက်အ.မ.က(လွန်) ညောင်ဝိုင်းကျောင်းသို့ ကျောင်းကျန်းမာရေး သွားရောက်စစ်ဆေးခဲ့ရာ ကျား (၇)ဦး၊ မ (၁၈)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၂၅)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။