မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၂-၉-၂၀၂၅) ရက်နေ့၊ နံနက်(၈:၀၀)နာရီမှ နေ့လယ် (၁၂:၀၀) နာရီအထိ တိုင်းရင်းဆေးမှူး ဦးထက်ဝေဦးဆောင်၍ ဆရပ်ကွက်ရွှေလှေချမ်းသာရဓမ္မာရုံ၌ ပြည်သူများအား ဆေးကုသမှုပေးခဲ့ရာ ကျား လူကြီး (၁၁)ဦး၊ မ လူကြီး (၁၉)ဦး၊ ကျား ကလေး(၁)ဦး၊ မ ကလေး(၁)ဦး၊ စုစုပေါင်း (၃၂)ဦး တို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။