the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး၊ နတ္တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း

ကျန်းမာ​ရေးဝန်ကြီးဌာန၊ တိုင်းရင်း​ဆေးပညာဦးစီးဌာန တိုင်းဦးစီးဌာနမှူး၏ လမ်းညွှန်ချက်ဖြင့်  ပဲခူးတိုင်းဒေသကြီး၊ နတ္တလင်းခရိုင် ဇီးကုန်းမြို့နယ် တိုင်းရင်း​ဆေးကုဌာနမှ (၁-၉-၂၀၂၅) ရက်​နေ့တွင် မြို့နယ်တိုင်းရင်း​ဆေးမှူး ဦးအောင်ညိုသည် ဇီးကုန်းမြို့ ဘုရားကြီး​ကျောင်းတိုက် တရားစခန်း သို့သွား​ရောက်၍ ကွင်းဆင်း​ဆေးကုသမှု​ဆောင်ရွက်ခဲ့ရာ အမျိုးသား​ယောဂီ (၈)ဦးနှင့် အမျိုးသမီး​ယောဂီ (၂၈)ဦး၊ စုစု​ပေါင်း (၃၆)ဦးတို့အား​ တိုင်းရင်းဆေးဖြင့် ဆေးကုသမှုများ ပေးခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း