စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ဟုမ္မလင်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၂-၉-၂၀၂၅) ရက်နေ့တွင် လက်ထောက်တိုင်းရင်းဆေးမှူး ဦးစိုင်းနောင်နောင်သည် မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းနှင့် ပူးပေါင်းပြီး ဟုမ္မလင်းမြို့နယ် မှန်ပင်ကျေးရွာရှိ ဒေသခံ ပြည်သူများ ကို တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်ရန်အသိပညာပေး ဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်ခဲ့ရာ လူနာ ကျား (၁၆) ဦး၊ မ (၁၄)ဦး၊ စုစုပေါင်း (၃၀)ဦးအား တိုင်းရင်းဆေးဖြင့် ဆေးကုသမှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။