the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဇေယျာသီရိမြို့နယ် ကျည်တောင်ရေဘေးရှောင်စခန်းမှ ရေဘေးသင့်ပြည်သူများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

နေပြည်တော်တိုင်းရင်းဆေးရုံကြီး ဆေးကုသရေးအဖွဲ့မှ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာ ရေဘေးရှောင်စခန်းရှိ ရေဘေးသင့် ပြည်သူများအား ယနေ့နံနက်ပိုင်းက တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် နေပြည်တော်တိုင်းရင်းဆေးရုံကြီး ဆေးကုသရေးအဖွဲ့မှ   ဆရာ/ဆရာမများက ဆေးကုသပေးခြင်းဖြစ်ပြီး ကျည်တောင်ကျေးရွာ ရေဘေးရှောင်စခန်းမှ ရေဘေးသင့်ပြည်သူများအားယားနာ၊ သွေးတိုး၊ ဆီးချို၊ ဒူးနာ၊ ခါးနာ၊ အာရုံကြောရောဂါများ၊ အဆစ်ရောင်၊ လေးဘက်နာ၊ ခေါင်းမူး၊ ခေါင်းကိုက်၊ အကြောတက်၊ ကိုက်ခဲ၊ လေးဖြတ်၊ လေးငန်းရောဂါ၊ ထုံနာကျင်နာရောဂါများ ကုသပေးခဲ့ပြီး တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာများအား ရှင်းလင်းဟောပြောခဲ့သည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း