ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၂၆-၈-၂၀၂၅)ရက်နေ့တွင် အ.မ.က ရုပ်တီကျောင်း၌ ကျောင်းကျန်းမာရေးဆောင်ရွက်ပေးခဲ့ရာ ကလေး(ကျား)=၂၃ဦး၊ ကလေး(မ)=၃၆ဦး၊ စုစုပေါင်း(၅၉)ဦး ဆေးကုသပေးခဲ့ပြီး၊"တကိုယ်ရေသန့်ရှင်းရေး နှင့် အဆုတ်အအေးမိရောဂါအကြောင်း" ကို လူဦးရေ (၂၃၄)ဦးအား ပညာပေးဟောပြောခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။