the republic of the union of myanmar

ministry of health

Department of Traditional Medicine

သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ ကြပ်ထုပ်အကြောင်း အသိပညာပေးဆွေးနွေး

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ပြည်သူများ ကျန်းမာရေးနှင့်ပတ်သက်၍ တိုင်းရင်းဆေး အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းပြီး မိရိုးဖလာရိုးရာကုထုံးတစ်မျိုးဖြစ်သည့် ကြပ်ထုပ်အကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲကို ဩဂုတ် ၂၆ ရက်မွန်းလွဲပိုင်းက မြို့နယ် ပြန်/ဆက်ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင်ပြုလုပ်ကြောင်းသိရသည်။

အသိပညာပေးဆွေးနွေးပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်သင်းသင်းနှင့်မြို့နယ်တိုင်းရင်းဆေးကုဌာနဦးစီးမှူးဒေါ်ခင်မြင့်မွန်တို့က ကြပ်ထုပ်အဓိပ္ပါယ်၊ ကြပ်ထုပ်အမျိုးအစားများ၊ ပါဝင် ပစ္စည်းများ၊ ကြပ်ထုပ်ထိုးခြင်းသည် နှစ်ပေါင်းများစွာအသုံးပြုခဲ့သောမိရိုးဖလာ ရိုးရာကုထုံး တစ်မျိုးဖြစ်သည့် အတွက် လူတိုင်းအလွယ်တကူထိရောက်စွာအသုံးပြုနိုင်သော်လည်း သတိပြုရမည့်အချက်များနှင့် ကြပ်ထုပ်မထိုး  သင့်သော အခြေအနေများရှိကြောင်း ၊ကြပ်ထုပ်ထိုးကုသသင့်သောရောဂါများ၊ ကြပ်ထုပ်ထိုးခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

သာစည်မြို့နယ်တွင် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနလူထုအခြေပြုဗဟိုဌာန၌ online မှတဆင့် အသိပညာပေး ဆွေးနွေးဆောင်ရွက်ပေးခဲ့ပါသည်

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း