ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ တိုင်းရင်းဆေးကုဌာနနှင့် အလုံမြို့နယ် တိုင်းရင်းဆေးကုဌာန တို့ပူးပေါင်း၍ (၂၆-၈-၂၀၂၅)ရက်နေ့တွင် အနောက်ပိုင်းခရိုင်၊ ဒုတိယတိုင်းရင်းဆေးမှူးဒေါ်စန္ဒာအေးနှင့် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မေသန်းမြင့်ထွေးတို့ ပါဝင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် အလုံမြို့နယ်၊ စောရန်ပိုင်အနောက်ရပ်ကွက်၊ သာသနာ့အလင်းရောင်ဓမ္မာရုံတွင် ကျင်းပသော နေ့တရားစခန်းပွဲ၌ ယောဂီကျား(၃၃)ဦး၊ မ(၅၆)ဦး၊ စုစုပေါင်း(၈၉)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။