ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ရခိုင်ပြည်နယ်မှ ပြည်နယ်ဦးစီးဌာနမှူးဦးဆောင်၍ ခုတင် ၅၀ ဆံ့တိုင်းရင်းဆေးရုံအုပ်နှင့်၀န်ထမ်းများပါဝင်သောအဖွဲ့သည် ၂၃.၈.၂၀၂၅ ရက်နေ့ နေ့လည် ၁နာရီမှ ၄ နာရီထိ ယာယီနေရပ်စွန့်ခွါပြည်သူများစုရပ် မဟာမုနိဗုဒ္ဓဝိဟာရကျောင်းသို့ကွင်းဆင်း၍ လူနာဦးရေ စုစုပေါင်း (၉၆) ဦး တို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးမှုခဲ့ပါသည်။ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှမှ အမှာစကားပြောကြားပြီးလှည့်လည်ကြည့်ရှုအား ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။