မကွေးတိုင်းဒေသကြီး အောင်လံခရိုင်၊ဆင်ပေါင်ဝဲမြို့နယ် တိုင်းရင်းဆေးကုဌာနမှ(၂၄-၈-၂၀၂၅)ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဦးငြိမ်းချမ်းစိုး ဦးဆောင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် ဆင်ပေါင်ဝဲမြို့၊ သာယာကုန်းရပ်ကွက် သို့သွားရောက်၍ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ပေးခဲ့ရာ ကျား၁၀ဦး မ၁၇ဦး စုစုပေါင်း ၂၇ ဦး ကုသမှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။