မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စိုးယုလှိုင် နှင့်အဖွဲ့သည် (၂၄.၈.၂၀၂၅) ရက်နေ့တွင် ဘိုကုန်းကျေးရွာ ဘုန်းကြီးကျောင်း၌ မီးဖိုချောင်သုံး ဆေးဖက်ဝင် ပစ္စည်းများအကြောင်း ဟောပြောခဲ့ရာ (၅၁) ဦးတက်ရောက်ခဲ့ပြီး စုစုပေါင်း လူနာ( ၃၀ )ဦး တို့ကို ဆေးကုသမှု ဆောင်ရွက်ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။