ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး၊နေပြည်တော်မှ ၂၀၂၅ ခုနှစ် သြဂုတ်လ(၂၄)ရက်နေ့တွင် ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာ အုပ်စု အတွင်းရှိ ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးရန် သွားရောက်၍ ကျန်းမာရေးအသိပညာရရှ်ိစေရန်အတွက် တိုင်းရင်းဆေးပညာအကြောင်းသိကောင်းစရာနှင့် ကျန်းမာစေကြောင်း နည်းလမ်းကောင်းများခေါင်းစဥ်ဖြင့် ဟောပြောခဲ့ပြီး ကျေးလက်နေပြည်သူ (၂၂၅)ဦးအား ဆေးကုသ ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။