(၆) တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်များ၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်ခြင်းနှင့် ပရဆေးဥယျာဉ်များထိန်းသိမ်းစောင့်ရှောက်ခြင်း
(က) တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်များ
- တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်/ သက်တမ်းတိုး) လျှောက်လွှာများအား စိစစ်ခြင်းနှင့် ခွင့်ပြုခြင်း
- တိုင်းရင်ဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(အသစ်/ သက်တမ်းတိုး/ ဖြည့်စွက်) လျှောက်လွှာများအား စိစစ်ခြင်းနှင့် ခွင့်ပြုခြင်း
- ပရဆေးကုန်ကြမ်းထောက်ခံချက် ထုတ်ပေးခြင်း
- Certificate of Free Sale (CFS) လက်မှတ်များ ထုတ်ပေးခြင်း
- စျေးကွက် တိုင်းရင်းဆေးဝါးများအား စစ်တမ်းကောက်ယူခြင်း (Post Market Surveillance)
- တိုင်းရင်းဆေးဆိုင်ရာ GMP Certificate လျှောက်ထားခြင်းများအား စစ်ဆေးထုတ်ပေးခြင်း၊ သက်တမ်းတိုးခြင်းများအား ဆောင်ရွက်ပေးခြင်း
- အထွေထွေပြောင်း လျှောက်ထားခြင်းများအား စိစစ်ခြင်းနှင့် ခွင့်ပြုခြင်း
(ပိုင်ရှင်ပြောင်း၊ ကြီးကြပ်ပြောင်း၊ လိပ်စာပြောင်း၊ အမှတ်တံဆိပ်ပြောင်း၊ ဆေးအမည်ပြောင်း၊ ဆေးဝါးပုံစံပြောင်း၊ ဆေးဖုံပြောင်း၊ ထုပ်ပိုးပုံစံပြောင်း/ ထပ်တိုး၊ ဒီဇိုင်းပြောင်း၊ စာသားဖြည့်စွက်/ ပြောင်း)
(ခ) တိုင်းရင်းဆေးဝါးထုတ်လုပ်ခြင်း
- တိုင်းရင်းဆေးဝါးလုပ်ငန်းစက်ရုံ(ရန်ကုန်)မှ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဆေးရုံနှင့်ဆေးကုဌာနများတွင် အသုံးပြုမည့် တိုင်းရင်းဆေးဝါးများကို ထုတ်လုပ်ဖြန့်ဖြူးပေးခြင်း၊ တိုင်းရင်းဆေးဝါး ဆေးမှုန့် (၂၂)မျိုး၊ အနာကျက်ဆေးအဆီ(၁)မျိုး၊ ဆေးပြား(၂)မျိုး၊ စုစုပေါင်း (၂၅)မျိုး ထုတ်လုပ်ပြီး အရောင်းဆေးဝါးအနေဖြင့်(၅)မျိုး ထုတ်လုပ်ရောင်းချပေးလျက် ရှိပါသည်။
- တိုင်းရင်းဆေးဝါးလုပ်ငန်းစက်ရုံ(မန္တလေး)မှ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဆေးရုံနှင့် ဆေးကု ဌာနများတွင် အသုံးပြုမည့် တိုင်းရင်းဆေးဝါးများကို ထုတ်လုပ်ဖြန့်ဖြူးပေးခြင်း၊ တိုင်းရင်းဆေးဝါးဆေးမှုန့် (၂၄)မျိုး၊ လိမ်းဆေး(၁)မျိုး၊ စုစုပေါင်း (၂၅)မျိုး အား ထုတ်လုပ်ပြီး အရောင်းဆေးဝါးအနေဖြင့် (၈)မျိုး ထုတ်လုပ်ရောင်းချပေးလျက်ရှိပါသည်။
- တိုင်းရင်းဆေးဝါးစက်ရုံ(မန္တလေး)အား (၁၉-၃-၂၀၁၉)ရက်နေ့တွင် ဖွင့်လှစ် ပြီးစီး၍ ဆေးဖုံအမှတ်(၁၅) သည်းခြေဆေးအား (၅၀)ကျပ်သားဝင် အလူမီနီယမ်အိတ်ဖြင့် စတင် ထုတ်လုပ်လျက်ရှိပါသည်။
(ဂ) ပရဆေးဥယျာဉ်များထိန်းသိမ်းစောင့်ရှောက်ခြင်း
- တိုင်းရင်းဆေးပညာဦးစီးဌာနတွင် ပရဆေးဥယျာဉ်(၈) ခု တည်ထောင်ထားရှိပါသည်။ ပရဆေးဥယျာဉ်မြေဧရိယာ စုစုပေါင်း(၃၀၂.၅၇) ဧကရှိပါသည်။ လုပ်ငန်းဆောင်ရွက်ချက်များမှာ ပရဆေးဥယျာဉ်များသို့ ပြည်တွင်းပြည်ပ ဧည့်သည်များ လာရောက် လေ့လာခြင်းအားရှင်းလင်း ပြသခြင်း၊ ရှားပါးပရဆေးပင်များ မျိုးပွားခြင်း၊ မျိုးထိန်းခြင်း၊ ပျိုးပင်များရောင်းချခြင်း၊ ဥယျာဉ်များသန့်ရှင်းသာယာလှပရေးနှင့် တိုင်းရင်းဆေးဝါး စက်ရုံများသို့ ကုန်ကြမ်းပေးပို့ခြင်းလုပ်ငန်းများဆောင် ရွက်လျက်ရှိပါသည်။