the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ ခုတင်(၁၀၀)ဆံ့ ရန်ကုန်တိုင်းရင်းဆေးရုံကြီးမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ခုတင်(၁၀၀)ဆံ့ ရန်ကုန်တိုင်းရင်းဆေးရုံကြီးမှ  ဒုတိယဆေးရုံအုပ် ဒေါ်ယဉ်ယဉ်မြင့် ဦးဆောင်၍ တိုင်းရင်းဆေးမှူး ဒေါ်ခင်မြတ်​ကျော်၊ အလုပ်သင်ဆရာ ​မောင်သာဇံလင်းနှင့် အကြီးတန်း လက်နှိပ်စက် ဒေါ်နီနီအောင်တို့ ပါဝင်သောအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ မြို့မရပ်ကွက်၊ သုံးထပ်​ကျောင်းတိုက်ဘုန်း​တော်ကြီး ပညာသင်​ကျောင်းသို့  (၁၀.၇..၂၀၂၅)ရက်နေ့ ၊ နေ့လည် (၁၂:၀၀)နာရီမှ ည​နေ(၄:၀၀)နာရီအထိ ကွင်းဆင်းဆေးကုသခြင်း သွားရောက်ဆောင်ရွက်ခဲ့ရာ လူနာဦး​ရေ စုစုပေါင်း (၁၃၇)ဦးအား ဆေးဝါးကုသမှု ဆောင်ရွက်ပေးခဲ့ပြီး၊မိုးရာသီတွင်ဖြစ်တတ်​သော ရာသီတုပ်​ကွေးအ​​ကြောင်း သိ​ကောင်းစရာ ​ခေါင်းစဥ်ဖြင့် ကျန်းမာ​ရေးအသိ​ပညာ​ပေး​ဟော​​ပြောခဲ့ရာ ​ဟော​ပြောပွဲတက်​ရောက်သူဦး​ရေ (၁၅၀)ဦးတက်​ရောက်ခဲ့ပါသည်။ ထို့နောက် လှူဒါန်းဆေးဝါးများဖြစ်ကြသော မှန်ချိုတိုင်းရင်း​ဆေးဝါးထုတ်လုပ်ရေး၊ ရွှင်ပြုံး တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊ ထိရင်လန်းတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးတို့မှ ဆေးဝါးများအား လှူဒါန်းခဲ့ကြပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်