the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်း‌ဒေသကြီး မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း

တိုင်းရင်းဆေးပညာဦးစီးဌာနရုံးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးတိုင်းရင်းဆေးပညာဦးစီးဌာန၊  တိုင်း‌ ဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့်၊ ရန်ကုန်တိုင်း‌ဒေသကြီး မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်ကြည်ကြည်ဝင်းနှင့်အဖွဲ့သည် (၂၂.၅.၂၀၂၅)ရက်နေ့ အတွင်းပဒံ ရပ်ကွက်၌ ကျား(၇)ဦး၊မ(၂၅)ဦး စုစုပေါင်း(၃၂)ဦးတို့အား တိုင်းရင်းဆေးဖြင့်ကျန်းမာ‌ ရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်