အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးဌာနမှူး (ငြိမ်း) ဆရာကြီးဦးဝင်းမြင့်ဦးမှ သဘာပတိအဖြစ်ဆောင်ရွက်၍ အခမ်းအနားမှူးများအဖြစ် ခုတင် (၅၀) ဆံ့ တိုင်းရင်းဆေးရုံ၊ မကွေးမြို့မှ လက်ထောက်တိုင်းရင်းဆေးမှူးများဖြစ်သော ဒေါ်စန္ဒာဝင်း နှင့်ဒေါ်သက်ခိုင်ဝင်းတို့မှ ဆောင်ရွက်ပြီး (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၊ ပခုက္ကူမြို့မှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးသန္တာမွန်မှ “မီးယပ်စတွင်ဖြစ်တတ်သောရောဂါစာတမ်းအား” ဖတ်ကြားတင်ပြဆွေးနွေး ပါသည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဉီးစီးဌာနမှူးရုံးမှ တိုင်းဒေသကြီး ဦးစီးဌာနမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူးနှင့် ဦးစီးအရာရှိ၊ (မကွေး၊ ပခုက္ကူ၊ရေနံချောင်း) တိုင်းရင်းဆေးရုံမှ ဆရာ၊ဆရာမများ၊ (မကွေး၊မင်းဘူး၊သရက်ခရိုင်)နှင့် မြို့နယ်တိုင်းရင်းဆေး ကုဌာနများမှ ဆရာ၊ဆရာမများ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို) တွဲဖက်အတွင်း ရေးမှူး ဆရာကြီးနှင့် မကွေးတိုင်းဒေသကြီး၊ တိုင်းရင်းဆေးဆရာ အသင်း (တိုင်း၊ ခရိုင်၊ မြို့နယ်အသင်း)တို့မှ ဆရာကြီး၊ ဆရာမကြီးများနှင့် တိုင်းရင်းဆေးပညာစိတ်ပါဝင်စားသူများ စုစုပေါင်း (၄၈)ဦး တက်ရောက်ပြီး စာတမ်းနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်းဆွေး နွေးဖြေကြားပြီး အခမ်းအနားကို နံနက်(၁၀:၀၀) နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။