တိုင်းရင်းဆေးပညာဦးစီးဌာနရုံးချုပ်နှင့် ပဲခူးတိုင်းဒေသကြီးတိုင်းဒေသကြီး ဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပြည်မြို့ (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် (CTME) (၂၈-၁-၂၀၂၅) ရက်နေ့ နေ့လယ် (၂:၀၀) နာရီတွင် ကျင်းပပြုလုပ် ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် သဘာပတိအဖြစ် ဆေးရုံအုပ် ဒေါ်သူဇာမြင့် မှ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူး အဖြစ် ဌာနခွဲစာရေး ဒေါ်စန္ဒာမြ နှင့် အကြီးတန်းစာရေး ဒေါ်၀င်းချိုဇင်ဦး တို့မှ ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ စာတမ်းရှင် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်နွယ်မာရီ က အဖောရောဂါစာတမ်းအားဖတ်ကြားပြီး လူဦးရေ စုစုပေါင်း (၁၈) ဦး တက်ရောက်ခဲ့ပါသည်။ စာတမ်းရှင်မှ တက်ရောက်သူများ၏ မေးမြန်းဆွေးနွေးချက်များအားပြန်လည်ဖြေကြားပြီး အခမ်းအနားကို ညနေ (၃:၀၀)နာရီချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးကြောင်းသိရသည်။