the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၌ တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် “အဖောရောဂါ” ခေါင်းစဉ်ဖြင့် CTME အခမ်းအနားကျင်းပ

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်၊ နေ့လယ်(၂:၀၀)နာရီတွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနား ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် ဆရာကြီးဦးစိုးဝင်း (အဖွဲ့ဝင်)၊ တိုင်းရင်းဆေးပညာ ရပ်ဆိုင်ရာအကြံပေးအဖွဲ့ က ဆောင်ရွက်ကာ အခမ်းအနားမှူးများအဖြစ် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ ကြီး၊ နေပြည်တော်မှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်နန်းမွန်အေးနှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်နှင်းဆုရည်အောင် တို့က ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအခမ်းအနား၌ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ စာတမ်းရှင် ဒုတိယ တိုင်းရင်းဆေးမှူး ဒေါ်မြသက်နွယ် က “အဖောရောဂါ”ကို ကာကွယ်ကုသခြင်းအား ဖတ်ကြားတင်ပြ ဆွေးနွေးပြီး တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၊ (အဖွဲ့ဝင်) (၁)ဦး၊ နေပြည်တော်တိုင်းဒေသကြီး ဦးစီးဌာနမှူးရုံးမှ ဒုတိယပြည်နယ်ဦးစီးဌာနမှူး(၁)ဦး နှင့် ဦးစီးအရာရှိ(၁)ဦး၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေး ရုံကြီး၊ နေပြည်တော်မှ ဆေးရုံအုပ်ကြီး ဒေါ်မူမူချိုနှင့် ဆရာ/ ဆရာမများ၊ အလုပ်သင်ဆရာ/ ဆရာမများ (၅၄)ဦး စုစုပေါင်း(၅၇)ဦးတက်ရောက်ကာ တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။

          စာတမ်းတင်ပြဆွေးနွေးပေးပါသောစာတမ်းရှင်အား “ဂရိတ်ဝေါ” တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ဆရာကြီးဦးမောင်မောင်ဦးက ချီးမြှင့်သောချီးမြှင့်ငွေကျပ်(၁)သိန်းတိတိကို ဆရာကြီး ဦးမောင်မောင်ဦး ကိုယ်စား သဘာပတိ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၊ (အဖွဲ့ဝင်) ဆရာကြီးဦးစိုးဝင်း က ဆုချီး မြှင့်ခဲ့ပါသည်။

          အခမ်းအနားဖြစ်မြောက်ရေးအတွက် ဆေးရုံးအုပ်ကြီး ဒေါ်မူမူချိုမှ ဦးဆောင်ပြီး “ဂရိတ်ဝေါ” တိုင်းရင်း ဆေးဝါးထုတ်လုပ်ရေးမှ  ဆရာကြီးဦးမောင်မောင်ဦး  က  ပံ့ပိုးကူညီးကာ အခမ်းအနားကို  ညနေ (၃ : ၃၀) နာရီ တွင်အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ