ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော စဉ်ဆက်မပြတ် တိုင်းရင်းဆေးပညာပေးရေးအစီအစဉ်(CTME)အခမ်းအနားကို (၂၄-၁-၂၀၂၅) ရက်နေ့ နံနက် (၉:၃၀) နာရီအချိန်တွင် ပုသိမ်မြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် သဘာပတိအဖြစ် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (ဗဟို) ဥက္ကဋ္ဌ ဆရာကြီး ဦးသိန်းဝင်းမှ ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ပုသိမ်မြို့နယ်တိုင်းရင်းဆေး ကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပပဝင်းမှ ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်ပြီး အဖောရောဂါစာတမ်းကို ကျုံပျော်မြို့၊ (၁၆) ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါ်မိုးကြည်ခိုင်မှ ဖတ်ကြားပြီး တက်ရောက်လာသူများမှ စာတမ်းနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးအကြံပြုကြပါသည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်းမှ ဆရာ/ဆရာမကြီးများ၊ ခရိုင်/မြို့နယ်/ဆေးရုံများမှ ဆရာ/ဆရာမများ စုစုပေါင်း(၄၀) ဦးခန့်တက်ရောက်ခဲ့ပြီး အခမ်းအနားကို နေ့လည်(၁၁:၃၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်းသိရသည်။