the republic of the union of myanmar

ministry of health

Department of Traditional Medicine

မကွေးတိုင်းဒေသကြီး၊ ခုတင် (၅၀)ဆံ့တိုင်းရင်းဆေးရုံ၌ အရိုးကျီးပါင်းရောဂါ ခေါင်းစဥ်ဖြင့် တိုင်းရင်းဆေးပညာစဥ်ဆက်မပြတ် ပညာပေးရေးအစီအစဥ်(CTME) အခမ်းအနား ကျင်းပခြင်း

 အဆိုပါ အခမ်းအနားတွင်မကွေးတိုင်းဒေသကြီး ဦးစီးဌာနမှူး ဆရာမကြီး ဒေါ်နီနီရှိန် မှ သဘာပတိအဖြစ် ဆောင်ရွက်၍ အခမ်းအနားမှုးများအဖြစ် (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ လ/ထ တိုင်းရင်းဆေးမှုး ဒေါ်​အေးသန္တာမွန် နှင့် လ/ထတိုင်းရင်းဆေးမှုး ဒေါ်အေးစိုးဝင်းတို့မှ ဆောင်ရွက်ပြီး (၂၅ )ခုတင်ဆံ့  တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်း​​​ဆေးမှူးဒေါ်ကြည်ကြည်သိန်းမှ အရိုးကျီးပေါင်းရောဂါစာတမ်းအား ဖတ်ကြားဆွေးနွေးတင်ပြပါသည်။

  အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှူးရုံးမှ တိုင်းဒေသကြီးဦးစီးဌာနမှူး၊ဒု-တိုင်းဒေသကြီးဦးစီးဌာနမှူးနှင့် ဦးစီးအရာရှိ တိုင်းရင်းဆေးမှူးများ၊ တိုင်းရင်းဆေးရုံများ (မကွေး၊ပခုက္ကူ၊ရေနံချောင်း) ခရိုင်တိုင်းရင်းဆေးကုဌာနများ (မကွေး၊ပခုက္ကူ၊မင်းဘူး၊သရက်)၊မြို့နယ်တိုင်းရင်းဆေး ကုဌာနများ၊ တိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်းတို့မှ ဆရာ၊ဆရာမများနှင့် တိုင်းရင်းဆေးပညာစိတ်ပါဝင်စားသူများ စုစုပေါင်း (၄၇)ဦးတက်ရောက်ပြီး စာတမ်းနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်းဆွေးနွေးဖြေကြားပြီး အခမ်းအနားကို နံနက် (၁၁း၀၀)နာရီတွင် ရုတ်သိမ်းခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆ ေးဖက်အသေးဝင် ရောေးဆ ောင်ေးလက်ပပ်ပ
နွေဥတုအခါ နေထိုင်စားသောက်ရမည့်နည်းလမ်းများ
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့