ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၇.၈.၂၀၂၄ ရက်နေ့နံနက် ၉:၃၀ နာရီမှစ၍ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသားကျောင်းသူ(၂၃၄)ဦးအား မြို့နယ်တိုင်းရင်းဆေးမှူးမှ" ပင်လယ်ကူးမီးယပ်"အကြောင်း၊ လက်ထောက် တိုင်းရင်းဆေးမှူးမှ "ရာသီတုပ်ကွေးအကြောင်း" ခေါင်းစဉ်ဖြင့် ပညာပေးဟောပြောခြင်း၊ ကျောင်းသား/ ကျောင်းသူများ(၄၅)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကျောင်းဆေးခန်းအတွက် တိုင်းရင်းဆေးများပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။