ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၆.၈.၂၀၂၄ ရက်နေ့နံနက် ၁၀:၃၀ နာရီမှစ၍ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မေသန်းမြင့်ထွေး သည် အမှတ်(၉)အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ ကျောင်းသားကျောင်းသူ (၃၅)ဦးအား "တကိုယ်ရေသန့်ရှင်းရောဂါကင်း" ခေါင်းစဉ်ဖြင့် ပညာပေးဟောပြောခြင်း၊ ကျောင်းသားကျောင်းသူ(၁၈)ဦးအား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။