the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် တံတားမြို့တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေး ပညာဖြင့် ကွင်းဆင်းဆေးကုသမှုပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် တံတားမြို့တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်း ဆေးမှူး ဦးအောင်ဟိန်းသူ ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် (၁၃-၈-၂၀၂၄) အင်္ဂါနေ့ နံနက် (၁၀:၀၀) နာရီမှ နေ့လယ် (၂:၃၀) နာရီ အချိန်ထိ တံတားမြို့၊ ပုတ္တလုတ်ကျေးရွာ၊ မင်္ဂလာရာမ ဘုန်းကြီးကျောင်းဝင်းတွင် ကျေးရွာသူ/ကျေးရွာသား လူဦးရေ (၃၃) ဦးအား “မိုးရာသီတွင် ဖြစ်တတ်သောရောဂါများ” အကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ပြီး ကျား (၁၆) ဦး၊ မ (၂၇) ဦး၊ စုစုပေါင်းလူနာ (၄၃) ဦး တို့အား တိုင်းရင်းဆေးဝါးများဖြင့် ကွင်းဆင်းဆေး ကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း