the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပ ညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ပဲခူးတိုင်းဒေသကြီးတိုင်းရင်းဆေးပညာဦးစီးဌာနတိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် (၉-၈-၂၀၂၄) ရက်နေ့တွင် ပြည်ခရိုင်​ရွှေ​တောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်သည်​ ရွှေ​တောင်မြို့နယ်ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ စားသုံးသူ​ရေးရာဦးစီးဌာနတို့နှင့်ပူး​ပေါင်း၍​ ရွှေ​တောင်မြို့နယ် ကသစ်တိုင်း ကျေးရွာရှိ​ (အမကကသစ်တိုင်း)ကျောင်းသို့ “မာလကာသီးအကြောင်းသိကောင်းစရာ” များအကြောင်း ကျောင်းသား/ကျောင်းသူ (၆၅) ဦးအား အသိပညာ​ပေး ​ဟော​ပြောခဲ့ပြီး ကျား (၂၅) ဦး၊ မ (၁၅) ဦး၊ စုစုပေါင်း (၄၀) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး ရွှေတောင်မြို့နယ် တောင်လုံးညိုကျေးရွာရှိ အမက တောင်လုံး ညိုကျောင်းတွင် နဂါးမောက်သီး နှင့် အာဟာရအ​ကြောင်း ကျောင်းသား/ကျောင်းသူ (၁၁၀) ဦးအား အသိပညာ​ပေး​ဟော​ပြော၍ ကျား (၃၆) ဦး၊ မ (၄၀) ဦး၊ စုစုပေါင်း (၇၆) ဦးအား တိုင်းရင်းဆေးပညာဖြင့်ကျန်းမာရေး စောင့်ရှောက်မှုများပေးခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း