the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေး ပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့်  (၈-၈-၂၀၂၄) ရက်နေ့တွင် ပြည်ခရိုင် ​ရွှေ​တောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်သည်​ ရွှေ​တောင်မြို့နယ်ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စားသုံးသူ​ရေးရာဦးစီးဌာနတို့နှင့်ပူး​ပေါင်း၍ ​ရွှေ​တောင်မြို့ရှိ​ (အ.မ.က ကြာနီကန်) ကျောင်းသို့ “တုပ်ကွေးရောဂါများအကြောင်း” ကျောင်းသား​/ကျောင်းသူ (၆၅) ဦးအား အသိပညာ​ပေးဟောပြော၍ ကျား (၂၂) ဦး၊ မ (၃၄) ဦး၊ စုစုပေါင်း (၅၆) ဦးအား ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး ရွှေတောင်မြို့နယ်ဘယ်လက်ကျေးရွာရှိ အ.မ.က ဘယ်လက် ကျောင်း တွင် “အစာမကြေရောဂါအ​ကြောင်း” ကျောင်းသား/ကျောင်းသူ (၁၁၅) ဦးအား အသိပညာ​ပေး​ဟော​ပြောပြီး ကျား (၄၅) ဦး၊ မ (၅၃ )ဦး၊ စုစုပေါင်း (၉၈) ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း