the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့၊ (၁၆) ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး ၏လမ်းညွှနမှုဖြင့်  (၆-၈-၂၀၂၄) ရက်နေ့ နေ့လယ်(၁:၀၀)နာရီ အချိန်တွင် ရေတာရှည်မြို့၊ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆေရုံအုပ် ဒေါ်ခင်စန်းလှိုင်၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ခင်မျိုးဆွေ  ၊မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မေနှင်း တို့ပူးပေါင်း၍ ရေတာရှည် မြို့ (အ.လ.ကခွဲ အမှတ် (၄) ရပ်ကွက်) ကျောင်းသို့သွားရောက်ကာ လက်ထောက် တိုင်းရင်း ဆေးမှူး ဒေါ်ခင်မျိုးဆွေ သည် Grade (6) အတန်းမှ ကျောင်းသား/ ကျောင်းသူ (၅၇) ဦး အား “ရာသီတုပ်ကွေးရောဂါအကြောင်း” ကို အသိပညာပေးဟောပြောပြီး ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ ကျား (၄၀) ၊ မ (၅၈)၊ စုစုပေါင်း( ၉၈) ဦး အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း