ပဲခူးတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့်၊ ပြည်ခရိုင် ပြည်မြို့နယ် တိုင်းရင်းဆေးကုဌာန မှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သိန်းသိန်းဆွေ (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ အငယ်တန်းစာရေး ဒေါ်ဝေမာလွင်သန်း တို့သည် မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင် ပူးပေါင်း၍ (၅-၈-၂၀၂၄) ရက်နေ့တွင် ပြည်မြို့ မူယာပင်ရပ်ကွက် အ.ထ.က ကျောင်း၌ ကျောင်းသား/ကျောင်းသူ (၂၀၀) ဦး တို့အား “မိုးရာသီတွင်ဖြစ်တတ်သော ရောဂါများအကြောင်း” ပညာပေးဟောပြောပြီး ကျောင်းသား (၃၆) ဦး၊ ကျောင်းသူ (၃၄) ဦး၊ ဆရာမ (၁၂) ဦး၊ စုစုပေါင်း (၈၂) ဦး တို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။