the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံမှ (၅-၈-၂၀၂၄)ရက်နေ့တွင် ဒုတိယဆေးရုံအုပ် ဒေါ်ယဉ်ယဉ်မြင့် ဦးဆောင်၍ တိုင်းရင်းဆေးမှူး ဒေါ်အိအိကျော် နှင့် အကြီးတန်းလက်နှိပ်စက် ဒေါ်နီနီအောင် တို့အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သက်ကြီးရွယ်အိုများ နေ့ပိုင်း စောင့်ရှောက်ရေးဂေဟာသို့ သွားရောက်၍ အခမဲ့ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးခဲ့ပြီး ဦးရေ ကျား (၅၆) ဦး၊ မ (၇၉) ဦး၊ လူနာ စုစုပေါင်း (၁၃၅) ဦးအား လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း