ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၂၅-၇-၂၀၂၄) ရက်နေ့၊ နေ့လယ် (၂:၃၀) အချိန်တွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်နန်းမြတ်ပန်းအိသွယ် ဦးဆောင်သောအဖွဲ့သည် မြောက်ဥက္က လာပမြို့နယ်၊ (င) ရပ်ကွက်၊ သန္တာလမ်း၊ မာန်အောင်ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ မာဃဘုန်းတော်ကြီးကျောင်းတွင် ကျား(၄၅) ဦး၊မ (၃၅) ဦး၊ စုစုပေါင်း(၈၀) ဦးအား “ရာသီတုပ်ကွေးရောဂါနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ” အကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောခဲ့ပြီး လူကြီး-ကျား(၇) ဦး၊ မ(၁၃) ဦး၊ ကလေး-ကျား (၁၅)၊ မ(၁၄) ဦး၊ စုစုပေါင်း (၄၉) ဦး တို့အား အခမဲ့ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ကြောင်းသိရသည်။