ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် တိုင်းရင်းဆေးကုဌာနနှင့် အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ ၂၄.၇. ၂၀၂၄ ရက်နေ့တွင် အလုံမြို့နယ် အမှတ် ( ၃) အခြေခံပညာအထက်တန်း ကျောင်း၌ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၄၀)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး ဒေါ်စန္ဒာအေး ဒုတိယတိုင်းရင်းဆေးမှူးမှ "ရာသီတုပ်ကွေးရောဂါ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်မေသန်းမြင့်ထွေး ဒုတိယတိုင်းရင်းဆေးမှူးမှ "မြန်မာ့တိုင်းရင်းဆေးပညာသိကောင်းစရာများ" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပညာပေးဟောပြောပြီး ကျောင်းသား/ကျောင်းသူများမှ တိုင်းရင်းဆေးနှင့်ပတ်သက်၍ သိရှိလိုသည်များအားမေးမြန်းဆွေးနွေးခဲ့ပြီး၊ တက်ရောက်လာသူ ဦးရေ (၁၃၅) ဦး အား တိုင်းရင်းဆေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။