the republic of the union of myanmar

ministry of health

Department of Traditional Medicine

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ (၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံ၌ မြတ်ခရိုင်တိုင်းရင်း ဆေးဆရာအသင်းနှင့်ပူးပေါင်း၍ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် (CTME) ကျင်းပပြုလုပ်ခြင်း

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ (၂၅) ခုတင်ဆံ့တိုင်းရင်းဆေးရုံ၌ မြတ်ခရိုင်တိုင်းရင်းဆေး ဆရာအသင်းနှင့်ပူးပေါင်း၍ (၁၁-၇-၂၀၂၄)ရက်နေ့တွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ်  (CTME) အခမ်းအနားကျင်းပခဲ့သည်။ သဘာပတိအဖြစ် မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း(ဗဟို)အဖွဲ့ဝင် ဆရာကြီးဦးတင်ဝင်းက ဆောင်ရွက်ပြီး အဆစ်ရောင် ရောဂါစာတမ်းကို မြိတ်ခရိုင် တိုင်းရင်းဆေးမှူး ဆရာမဒေါ်ဝါဝါမှ စာတမ်းပြုစု ဖတ်ကြား တင်ပြသည်။ အဆိုပါ အခမ်းအနားတွင် (၁၅)ဦး တက်ရောက်ပြီး စိတ်ပါဝင်စားစွာ ဆွေးနွေး ခဲ့ကြသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ