မကွေးတိုင်းဒေသကြီး၊ ခုတင် (၅၀)ဆံ့တိုင်းရင်းဆေးရုံ၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် (CTME) အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၁၃)ရက်၊ နံနက် (၈ :၀၀) နာရီတွင် မကွေးမြို့ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ မကွေးတိုင်းဒေသကြီး(အသင်းခွဲ) ဥက္ကဌ ဆရာမကြီးဒေါ်တင်တင်အောင်မှ သဘာပတိအဖြစ် ဆောင်ရွက်၍ အခမ်းအနားမှူးများ အဖြစ် ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံမှ လက်ထောက် တိုင်းရင်းဆေးမှူး ဒေါ်နီနီအောင်နှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်သက်ခိုင်ဝင်းတို့မှ ဆောင်ရွက်ပြီး ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ၊ လက်ထောက်တိုင်းရင်းဆေးမှူးဒေါ်ခင်နှင်းပွင့်မှ အဆစ်ရောင်ရောဂါစာတမ်း အား ဖတ်ကြားတင်ပြဆွေးနွေးပါသည်။ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး၊ တိုင်းရင်းဆေး ပညာဦးစီးဌာနမှူးရုံးမှ တိုင်းဒေသကြီးဦးစီးဌာနမှူး၊ ဒုတိယ တိုင်းဒေသကြီးဦးစီးဌာနမှူးနှင့် ဦးစီးအရာရှိ တိုင်းရင်းဆေးမှူးများ၊ တိုင်းရင်းဆေးရုံများ (မကွေး၊ ပခုက္ကူ၊ ရေနံချောင်း) ခရိုင် တိုင်းရင်းဆေးကုဌာနများ (မကွေး၊ ပခုက္ကူ၊ မင်းဘူး၊သရက်) မြို့နယ်တိုင်းရင်းဆေးကုဌာနများ၊ တိုင်းဒေသကြီးတိုင်းရင်းဆေးဆရာအသင်းတို့မှ ဆရာ၊ ဆရာမများနှင့် တိုင်းရင်းဆေးပညာ စိတ်ပါဝင်စားသူများ စုစုပေါင်း(၅၉)ဦး တက်ရောက်ပြီး စာတမ်းနှင့်ပတ်သက်၍ သိလိုသည် များကို မေးမြန်းဆွေးနွေးဖြေကြားပြီး အခမ်းအနားကို နံနက် (၁၀ :၀၀)နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။