ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၈-၆-၂၀၂၄) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝါဝါလင်း ဦးဆောင်သောအဖွဲ့သည် သန်လျင်မြို့နယ် လုမ္ဗိနီဘိုးဘွားရိပ်သာ၌ ဒူးနာ၊ ခါးနာ၊ လေငန်း၊ ကျီးပေါင်း၊ အကြောတက်၊ သွေးတိုး၊ ဆီးချို၊ ဆီးအောင့်ခြင်း၊ အရေပြားယားယံခြင်းနှင့် အနာပေါက်ရောဂါ တို့ ဖြစ်ပေါ် နေသော အဘိုး ၁၈ ဦး၊ အဘွား ၃၀ ဦး၊ လူနာစုစုပေါင်း ၄၈ ဦး တို့အား အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။