တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ၂၈-၅-၂၀၂၄ ရက်နေ့တွင် ထားဝယ်ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ထားဝယ်ခရိုင်တိုင်းရင်တိုင်းရင်းဆေးဆရာအသင်းတို့ပူးပေါင်း၍ တိုင်းရင်းဆေး ပညာစဉ်ဆက်မပြတ်ပညာပေးရေး (CTME) အခမ်းအနားကျင်းပခဲ့ပါသည်။
သဘာပတိအဖြစ် တိုင်ဒေသကြီးဦးစီးဌာနမှူး(ငြိမ်း) ဆရာကြီး ဦးမြင့်သိန်းလွင်ကဆောင်ရွက်ပါသည်။ အစာမကြေရောဂါစာတမ်းကို ဒေါ်ပွင့်ဖြူဖြူသော် ဒုတိယတိုင်းရင်းဆေးမှူး က ဖတ်ကြားခဲ့ပြီး တက်ရောက်သူ (၃၀) ဦးခန့် မှ ပြီးစိတ်ဝင်စားစွာဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။