၂၀၂၄ ခုနှစ်၊ မေလ(၂၇)ရက်၊ နေ့လယ်(၂:၀၀)နာရီတွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် နေပြည်တော်တိုင်းရင်းဆေးဆရာအသင်း၊ နေပြည် တော်တိုင်းဒေသကြီးမှ ဥက္ကဋ္ဌ ဆရာကြီးဦးနေအောင်က ဆောင်ရွက်ကာ အခမ်းအနားမှူးများအဖြစ် ခုတင် (၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ တိုင်းရင်းဆေးမှူး ဒေါ်သင်းသင်းမိုး နှင့် ဒုတိယတိုင်းရင်း ဆေးမှူး ဒေါ်မူယာဝင်းတို့က ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအခမ်းအနား၌ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ စာတမ်းရှင် တိုင်းရင်း ဆေးမှူး ဒေါ်အေးနှင်းစိုး က “အစာမကြေခြင်း” ကို ကာကွယ်ကုသခြင်းအား ဖတ်ကြားတင်ပြ ဆွေးနွေးပြီး နေပြည်တော်တိုင်းရင်းဆေးဆရာအသင်း၊ နေပြည်တော်မှ(၁)ဦး၊ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး (၂)ဦး၊ နေပြည်တော်တိုင်းဒေသကြီး ဒုတိယတိုင်းဦးစီးဌာနမှူး(၁)ဦး၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ ဆေးရုံအုပ်ကြီးဒေါ်မူမူချိုနှင့် ဆရာ/ဆရာမများ၊ အလုပ်သင်ဆရာ/ ဆရာမများ(၃၈)ဦး စုစုပေါင်း(၄၂)ဦးတက်ရောက်ကာ တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။
စာတမ်းတင်ပြဆွေးနွေးပေးပါသောစာတမ်းရှင်အား “ဂရိတ်ဝေါ” တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ဆရာကြီးဦးမောင်မောင်ဦး က ချီးမြှင့်သောချီးမြှင့်ငွေကျပ် (၁)သိန်းတိတိကို ဆရာကြီး ဦးမောင်မောင်ဦး ကိုယ်စားသဘာပတိ နေပြည်တော်တိုင်းရင်းဆေးဆရာအသင်း၊ နေပြည်တော်တိုင်းဒေသကြီးမှ ဥက္ကဌ ဆရာကြီး ဦးနေအောင်က ဆုချီးမြှင့်ခဲ့ပါသည်။
အခမ်းအနားဖြစ်မြောက်ရေးအတွက် ဆေးရုံးအုပ်ကြီးဒေါ်မူမူချိုမှ ဦးဆောင်ပြီး “ဂရိတ်ဝေါ” တိုင်းရင်း ဆေးဝါးထုတ်လုပ်ရေးမှ ဆရာကြီးဦးမောင်မောင်ဦး က ပံ့ပိုးကူညီကာ အခမ်းအနားကို ညနေ(၄:၀၀)နာရီ တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။