the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကရင်ပြည်နယ် ခုတင် ၅၀ ဆံ့ တိုင်းရင်းဆေးရုံ ဘားအံမှ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေး ကုသမှု ဆောင်ရွက်ခြင်း

ကရင်ပြည်နယ် ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ ဘားအံမှ (၂၃-၅-၂၀၂၄)ရက်နေ့တွင် ကရင်ပြည်နယ်ဦးစီးဌာနမှူး ဦးဆောင်၍ ဘားအံမြို့ တောင်ကလေးကျေးရွာရှိ ဘိုးဘွား ရိပ်သာတွင် ဆေးရုံအုပ် ဦးသိန်ထွန်း၊ တိုင်းရင်းဆေးမှူး ဒေါ်ခိုင်ခိုင်သင်း၊ ဒုတိယ တိုင်းရင်းဆေးမှူး ဒေါ်ကေဇင်စိုး၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်နွေဦးခင်တို့မှ ဘိုးဘွားရပ်သာရှိ အဘိုးအဘွားများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ဆေးကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ ရာ လူနာ လူကြီး ကျား ၃ ဦး၊ လူကြီး မ ၁၃ ဦး၊ စုစုပေါင်း အဘိုး အဘွား ၁၆ ဦး ကုသမှု ပေးခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ