၂၀၂၄ ခုနှစ်၊ မေလ ၂၅ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် CTME အခမ်းအနားကို ခုတင်(၅၀)ဆံ့ ဘားအံတိုင်းရင်း ဆေးရုံ၌ပြုလုပ်ခဲ့ပြီး သဘာပတိအဖြစ် ဦးသန်းထွဋ်၊ ဒုတိယပြည်နယ်ဦးစီး ဌာနမှူး(ငြိမ်း)နှင့် တွဲဘက်သဘာပတိအဖြစ် ဦးအောင်ပွင့်၊ ကရင်ပြည်နယ် တိုင်းရင်းဆေးဆရာအသင်း ဥက္ကဋ္ဌမှ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူးအဖြစ် ဒေါ်နန်းနွယ်လွင် သူနာပြု ၃ မှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် "အစာမကြေရောဂါ" စာတမ်းကို ဘားအံမြို့နယ် တိုင်းရင်းဆေး ကုဌာနမှ ဒေါ်ဌေးဌေးနွယ် ဒုတိယတိုင်းရင်းဆေးမှူးမှ ရေးသားဖတ်ကြားခဲ့ပြီး ကရင်ပြည်နယ် တိုင်းရင်းဆေးဆရာအသင်းမှ ဆရာဆရာမများနှင့် ပြည်နယ်၊ ခရိုင်၊ တိုင်းရင်းဆေးရုံ၊ မြို့နယ် တိုင်းရင်းဆေးကုဌာနများမှ ဆရာဆရာမများ စုစုပေါင်း ၂၁ ဦးတက်ရောက်ခဲ့၍ တက်ရောက် လာသော ဆရာဆရာမများမှ ဝိုင်းဝန်း ဆွေးနွေးခဲ့ကြကြောင်းသိရသည်။