ဧရာဝတီတိုင်းဒေသကြီ၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၈-၅-၂၀၂၄ ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နန့်တင်တင်အေးသည် ချောင်းဖျားကျေးရွာသို့ ကွင်းဆင်းဆေးကုသရာ ကျား၁၀ဦး၊ 10 မ ၂၅ ဦး၊ စုစုပေါင်းလူနာ ၃၅ ဦး အားကွင်းဆင်းဆေးကုသပေးခဲ့ပြီး အပူဒဏ် အန္တာရယ် ကြိုတင်ကာကွယ်ခြင်း အကြောင်း လူဦးရေ (၃၀)ဦး အား ဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။